သတင်းအပြည့်အစုံဖတ်ရန်

ဤမျှသာ
click
video

သတင်းအပြည့်အစုံဖတ်ရန်

နိုင်ငံရေးအကျဉ်းသား ဘာကြောင့် မလွှတ်


မြန်မာနိုင်ငံ မှ အရပ်သား အစိုးရသစ်ဟာ နိုင်ငံတကာ အစိုးရ ခေါင်းဆောင် တွေ၊ ကုလသမဂ္ဂ၊ ပြည်တွင်း နိုင်ငံရေး အဖွဲ့ အစည်းတွေ နဲ့ မြန်မာ့ လွှတ်တော် မှ ပါ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး သဘောတူပေမယ့် အခုတိုင် မလွှတ်သေးတဲ့ အတွက် ကတိစကား မတည်သလို ဖြစ်နေ ကြောင်း လွတ်လပ်သော မြန်မာ့ လူ့ဘောင်အဖွဲ့က ဝေဖနမကြာခင် ရက်ပိုင်း အတွင်းက မြန်မာနိုင်ငံ ကို သွားခဲ့တဲ့ နော်ဝေး နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ ပြည်သူ့ လွှတ်တော် ဉက္ကဌ ဦးရွှေမန်း တွေ့ရာမှာ အခုရက်ပိုင်း အတွင်းမှာပင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ့် အကြောင်း တွေ ပြောခဲ့ပါတယ်။

လွှတ်ပေးတဲ့ တိုင်အောင်၊ လူအများ လေးစားတဲ့ ဂဂ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ ကို အရင်ဆုံး လွှတ်ပေးဖွယ် မမြင်ပုံ၊ အကြောင်းကတော့၊ ဂဂ မျိုးဆက်တွေဟာ ပြည်တွင်း၊ ပြည်ပ ပြန့်ပွားနေပြီ ဖြစ်လို့ ထိန်းမရမှာ ကို စိုးရိမ်သူ တွေ အစိုးရ အဖွဲ့အတွင်း မှာ ရှိပုံ ရ ကြောင်း အမေရိကန် အခြေစိုက် လွတ်လပ်သော မြန်မာ့လူ့ဘောင် အဖွဲ့ ဉက္ကဌ ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် တုန်းကလဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုပြီး၊ ရာဇဝတ်သား အသွင် လွှတ်ပေး ခဲ့တဲ့ သာဓက တွေ ရှိခဲ့ပုံ၊ အခုလဲ ပေးခဲ့တဲ့ ကတိတွေ မတည်ရင်၊ အခု အစိုးရ သစ်ဟာလည်း လှည့်ဖျားတဲ့ စါရင်းဝင်ပြီမို့ ပြည်သူ တို့ ရှေ့ဆက်မယ့် လမ်း ရွေးချိန် တန်ပြီ လို့ ဦးထွန်းအောင်ကျော် က ပြောပါတယ်။

အင်းစိန်ထောင် အရှေ့မှာလည်း နိုင်ငံရေးသမား မိသားစုဝင်တွေ ဟာ မိမိတို့ အိမ်သူ အိမ်သားတွေ လွတ်လာနိုးနဲ့ သွားရောက် စောင့်စား နေကြပါတယ်။

ဤမွ်သာ

သတင်းအပြည့်အစုံဖတ်ရန်

သီတင်းကျွတ်မှာ လွတ်မည်ထင်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးတော့မည်ဟု ပြောဆိုခဲ့သည့်နောက် နိုင်ငံရေး အကျဉ်းသား မိသားစုတချို့က အကျဉ်းထောင် များသို့ သွားရောက်ကာ စောင့်ဆိုင်းမှုများ ပြုလုပ်မည်ဟု သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နေထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် အကျွတ်အလွတ် ဟူသော အယူအဆဖြင့် အကျဉ်းသားများအား လွှတ်ပေးနိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေစဉ်မှာပင် ပြီးခဲ့သည့် သောကြာနေ့က နော်ဝေး အသံလွှင့်ဌာန (NRK) ကို သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က အစိုးရအာဏာပိုင်များထံမှ တစုံတရာ ဆက်သွယ်ခြင်း မရှိသေးသော်လည်း လာမည့် အောက်တိုဘာလ ၁၃ ရက် နေ့တွင် ကျိုင်းတုံထောင်သို့ သွားရောက်မည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

“တချို့ကလည်း ကိုမင်းကိုနိုင်တို့ ပထမအသုတ်လွတ်မယ်၊ တချို့ကလည်း မလွတ်သေးဘူး ပြောတယ်၊ ဒါပေမယ့် ကျမကတော့ လေယာဉ်လက်မှတ် ၀ယ်ပြီးပြီ။ သဘက်ခါကို သွားမယ်” ဟု ဧရာဝတီသို့ပြောသည်။

ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည့် ကိုမင်းကိုနိုင်သည် လက်ရှိအခြေအနေတွင် အရိုးကျီးပေါင်းတက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံး တုန်ခြင်း စသည့် ရောဂါများကို ခံစားနေရကြောင်း ၎င်း၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ရှင်းပြသည်။

မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ ဆုံဆွေးနွေးရာတွင်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အထူးဦးစားပေး ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်ကိုလည်း ယခုရက်ပိုင်းအတွင်း ထောင်အာဏာပိုင်များက ဆေးကုသမှုနှင့် ထောင်ဝင်စာ မှတ်တမ်းများ တောင်းယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းတို့ ပြုလုပ်နေကြောင်း မိသားစုဝင်တဦးဖြစ်သူ နိုင်ငံရေးအကျဉ်းဟောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

“ဒီနေ့လား၊ မနက်ဖြန်လား ဆိုပြီး မိသားစုတွေ အားလုံးက မျှော်လင့်နေကြတယ်။ ကိုဌေးကြွယ် ကျန်းမာရေးကတော့ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရသစ်သည် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ထောက်ခံမှုကို ရရှိစေရန်အတွက် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး မည်ဟု ထင်မြင်ကြောင်း ကိုဖြိုးမင်းသိန်းက ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျခံနေရသည့် လူရွှင်တော် ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းကမူ “ကိုဇာဂနာ အိမ်ပြန်ရောက်မှပဲ လွတ်တယ်လို့ မှတ်လိုက်တော့မယ်။ လွတ်မယ်ဆိုပြီး ပြောတာတွေများတော့ သိပ်မခံစားတော့ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ နီးပါး ရှိသည်ဟု ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) က ထုတ်ပြန်ထားသည်။

ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ စုဖွဲ့ထားသည့် ကွန်ရက်ကလည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် နှင့် ရဲဘက်စခန်းများတွင် အကျဉ်းကျနေသော နိုင်ငံရေးသမားများ၏ စာရင်းများကို တိတိကျကျ သိရှိ နိုင်စေရန် အကျဉ်းသား မိသားစုများနှင့် တိုင်ပင်ကာ စာရင်းပြုစုနေကြောင်း၊ ထိုစာရင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ဤမျှသာ
click

သတင်းအပြည့်အစုံဖတ်ရန်

အစိုးရ ကမ်းလှမ်းချက်တွေ မရိုးသားဘူးလို့ ဗကပ ဝေဖန်


မြန်မာနိုင်ငံရဲ့ မျက်မှောက် နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ ပြောရေး ဆိုခွင့် ရှိသူ က စနေနေ့က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ပြီး ဝေဖန် ပြောဆိုလိုက်ပါတယ်။

မျက်မှောက်နိုင်ငံရေးကို သမ္မတ ဦးသိန်းစိန် ထက် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ စစ်အုပ်စုက နောက်ကွယ်ကနေ ကြိုးကိုင်နေပြီး စစ်အုပ်စုအနေနဲ့ နှစ်၅၀ကျော် ကြာ စုဆောင်း ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို လွယ်လွယ်နဲ့ စွန့်လွှတ်ပေးမဲ့ပုံ မရှိဘူးလို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဝေဖန် ဖေါ်ပြထား ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းတွေ မြန်မာနိုင်ငံကို ကူးစက်လာလို့ ဖြေရှင်းရာမှာ တကယ်တမ်း အကျပ်တွေ့လာရင် အကြမ်းဖက် ဖြေရှင်းမဲ့ အခြေအနေမျိုး ရှိနေပြီး လက်ရှိ အစိုးရဟာ ပွင့်လင်း မြင်သာပြီး တာဝန်ခံတဲ့ အစိုးရမျိုး ဖြစ်လာမလား ဆိုတာကို မေးခွန်း ထုတ်ထားပါတယ်။

ပြည်ပက မြန်မာတွေ မြန်မာပြည်ထဲ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက် ဟာလည်း ရိုးသားမှု မရှိပဲ ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲ တဖြည်းဖြည်း ဆွဲခေါ်နေတာလို့ ယူဆလို့ ရကြောင်း ဗမာပြည် ကွန်မြူနစ် ပါတီ ပြောရေး ဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်းက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးအရ ချိုးနှိမ်တာမျိုး၊ လက်နက်ချခိုင်းတဲ့ သဘောမျိုး မဟုတ်ပဲ မိမိရဲ့ နိုင်ငံရေး အယူဝါဒကို စွဲကိုင်ခွင့်ပြုမှသာ မြန်မာပြည်ထဲ ပြန်လာသင့်တယ်လို့လည်း သူက ပြောသွား ပါတယ်။

ဤမွ်သာ
click

သတင်းအပြည့်အစုံဖတ်ရန်

၅ (ည) ဥပဒေ ဖျက်ဖို့ အဆို ပယ်ချ ခံရ


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဘက်က လေးယောက်က အဲဒီ အဆိုကို ကန့်ကွက် ကြောင်း ဆွေးနွေး ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးက အဆိုကို ပြန်လည် ရုပ်သိမ်းဖို့ မေတ္တာ ရပ်ခံခဲ့ရာမှာ အဆိုရှင် ဦးသိန်းညွန့်က မရုပ်သိမ်းနိုင် ဘူးလို့ ပြောတဲ့ အတွက် မဲခွဲ ဆုံးဖြတ် ခဲ့ကြတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဒုတိယ ဥက္ကဌ ဦးကြီးမြင့် က ပြောပါတယ်။

မဲခွဲ ကြရာမှာ လျှို့ဝှက် ခလုတ် နှိပ်ပြီး မဲပေး တာမျိုး မဟုတ်ဘဲ မတ်တပ်ရပ် ဗြောင် မဲပေးတဲ့ စနစ်ကို သုံးခဲ့တယ် လို့ လည်း သူက ဆိုပါတယ်။

အဆိုကို လွှတ်တော် အမတ် ၈ ယောက် ကသာ ထောက်ခံ ခဲ့ပြီး ကျန်သူတွေ အားလုံးက ကန့်ကွက် ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ မှာ မြေပေါ် မြေအောက် လက်နက်ကိုင် သူပုန်တွေ ရဲ့ အန္တရာယ် ရှိခဲ့တဲ့ ၁၉၄၉ ခုနှစ် လောက်က အဲဒီ ဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က တိုင်းပြည်ရဲ့ လုံခြုံရေး အတွက် လိုအပ်ခဲ့ ပေမဲ့ အခု အချိန်မှာ မရှိသင့် တော့ဘူးလို့ ဦးသိန်းညွန့်က မြင်တဲ့ အတွက် အဆို တင်သွင်း ခဲ့တာပါ။

အခုတော့ ဒီမိုကရေစီ ဘက်တော်သား တွေကို ဖိနှိပ်ဖို့ အတွက် နိုင်ငံတော် လုံခြုံရေး အကြောင်း ပြချက်နဲ့ အရေးပေါ် စီမံချက် အက်ဥပဒေကို ကျင့်သုံး နေတာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ထောက်ပြ ခဲ့တဲ့ အကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က ပြောပါတယ်။

ကန့်ကွက်သူတွေ ဘက်ကတော့ ဒီ ဥပဒေဟာ မြန်မာ နိုင်ငံ လုံခြုံရေးနဲ့ နိုင်ငံသား တွေရဲ့ အေးချမ်း သာယာရေး အတွက် လိုအပ်တယ်လို့ အကြောင်း ပြခဲ့ကြ တယ် လို့လည်း သူက ပြောပါတယ်။

click

သတင်းအပြည့်အစုံဖတ်ရန်

လူ့အခွင့်အရေး မတိုးတက်လို့ ကင်တားနားပြော


မြန်မာ အစိုးရဟာ အဖွဲ့အစည်းပိုင်း ဆိုင်ရာ မှာရော၊ ပါလီမန်နဲ့ ပတ်သက် လို့ရော ပြုပြင် ပြောင်းလဲမှု ခြေလှမ်းတွေ လှမ်းခဲ့ ပေမယ့် လူ့အခွင့် အရေး အခြေအနေ ကတော့ အရင်အတိုင်း ပြောင်းလဲမှု မရှိ သေးဘူးလို့ ကင်တားနားက ပြောလိုက် ပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်း တခုလုံးက တောင်းဆို နေတဲ့ ကြားမှာဘဲ မြန်မာ အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ စဉ်းစားတဲ့ အပိုင်းကို မတွေ့ရ သေးသလို၊ သမ္မတ ကနေ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ပြောနေပေမယ့် တကယ်တမ်း အဖြေ ရအောင် ဆောင်ရွက်မယ့် ခိုင်မာတဲ့ လုပ်ရပ်တွေ မတွေ့ရသေးဘူးလို့ ပြောပါနတယ်။

နယ်စပ်ဒေသက ပြည်သူ တွေရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အခုချိန်အထိ ကောင်းမ လာသေးဘူးလို့လည်း ပြောပါတယ်။

သူ့ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်မှာ အစိုးရ အရာရှိ အတော် များများနဲ့ တွေ့တဲ့ အခါမှာ အစိုးရက သူတို့ ဒီပြဿနာတွေကို တကယ်ကို အလေး ထားပါတယ်လို့ ပြန်ပြောကြောင်း၊ သူ့အမြင်မှာ ဒီကိစ္စတွေကို ချက်ချင်း လုပ်ဖို့ လိုနေကြောင်း၊ ခုချိန်အထိတော့ လုပ်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းဆို ခဲ့တာကို မလွှတ်သေး သလို၊ တခြား ကိစ္စ တွေကိုလည်း မဆောင်ရွက် သေးပါဘူး။

နိုင်ငံရေးအရ လူသစ်တွေ ပေါ်လာပြီ၊ အရင်က မဖြစ်နိုင် ခဲ့တဲ့ နိုင်ငံရေး အကြောင်း လူ့အခွင့် အရေး အကြောင်း ဆွေးနွေးမှုတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်လာပါပြီ၊ ဒီဖြစ်ပေါ် လာမှုတွေကို အသိအမှတ် ပြုဖို့ အရေးကြီးသလို တဖက်မှာလည်း လူ့အခွင့်အရေး အခြေ အနေ တိုးတက်အောင် သိသာတဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ အခိုင်အမာ ရပ်တည် တောင်းဆိုရမယ်လို့ ကင်တားနားက ပြောပါတယ်။

click

သတင်းအပြည့်အစုံဖတ်ရန်

မျှော်လင့်ချက်များစွာ



“ဒေါ်စုကို ဦးသိန်းစိန်နဲ့ တီဗီထဲ ပါတာကို စတွေ့တာက အငယ်မ။ အဲဒီမှာ အစ်မရေ လာပါဦး၊ အစ်မရေ လာပါဦးနဲ့ နင်းအော်တာနဲ့ အားလုံး ထွက်ကြည့်တော့တာပဲ” ဟု မခင်ထားက ပြောပြခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီ ရုပ်မြင်သံကြား သတင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို ထုတ်လွှင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြောပြနေခြင်း ဖြစ်သည်။

“ပြည်သူ့ အကျိုးစီးပွားအတွက် ပူးပေါင်းမယ်ဆိုတာ ထူးခြားတယ်ပေါ့။ တကယ်ပဲ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီကို ပေးတော့မယ်လို့ကို မျှော်လင့်လိုက်တာ” ဟု မခင်ထား၏ မိခင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒေါ်နုအေးကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း အကြောင်းမထူးလှသောကြောင့် 
စိတ်ပျက်နေရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြသည်ကို မမျှော်လင့်ဘဲ ရုပ်မြင်သံကြားမှ တွေ့လိုက်၊ ကြားလိုက်ရသည်နှင့်ပင် ၀မ်းသာကျေနပ်မိကြောင်း သူက ဆိုသည်။

ဒေါ်နုအေးကြည်၏ ပြောဆိုပုံနှင့် အမူအရာများကို သဘောကျစွာ ပြုံးကြည့်နေသည့် ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဟောင်း ဒုတိယ အရာခံ ဗိုလ်ကြီး လှဦး ကလည်း ထိုနေ့သတင်းထဲ၌ သမ္မတ အိမ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ၏ ဓာတ်ပုံများ ချိတ်ထားသည်ကို တွေ့ရသောကြောင်း၊ ၀မ်းသာမိကြောင်း ပြောသည်။

“ထင်ကို မထင်ထားတာ။ ဗိုလ်ချုပ်သမီးကို ဗိုလ်ချုပ်ဓာတ်ပုံ ရှေ့မှာရပ်ပြီး စကားပြောတာ၊ ဓာတ်ပုံရိုက်ကြတာ၊ ပြည်သူတွေကိုလည်း ထုတ်လွှင့်ပြတာ ဆိုတော့ ကောင်းပြီလို့ ထင်တယ်” ဟု အသက် ၇၄ နှစ်အရွယ် အငြိမ်းစား ဒုအရာခံဗိုလ်ကြီးက ဆိုသည်။

အငြိမ်းစား တပ်မတော်သားဟောင်း တဦးအနေဖြင့် တပ်မတော်အစိုးရ လက်ထက်က တပ်မတော်၏ လုပ်ရပ်တချို့ကြောင့် ရှက်မိခဲ့ကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းကို ကောင်းစေချင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာပြည်၏ အထင် ကရ ပုဂ္ဂိုလ်ကြီး၏ သမီးနှင့် အစိုးရ အဆင်ပြေ ပူးပေါင်းလုပ်ဆောင်မည်ကို သဘောကျ ကျေနပ်ကြောင်း ပြောသည်။

ထိုသတင်းကြားပြီးနောက် သူတို့နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မိသားစုတိုင်းနီးပါး စိတ်ဝင်စားလျက် ရှိနေကြပြီး ဒီမိုကရေစီ ရရှိတော့မည်ဟု မျှော်လင့်နေကြကြောင်း မခင်ထား၏ မိခင်က ဆိုသည်။

“အန်တီတို့လည်း ထူးပြီဆိုပြီး ၀မ်းသာ၊ မျက်နှာချင်းဆိုင်အခန်းက လူတွေလည်း သတင်းပြီးတော့ အကုန် ထွက်လာပြီး ပြောကြတာ။ မိုးလင်းတော့လည်း ဈေးထဲမှာပြောနေတာပဲ။ ဒီမိုကရေစီ အစစ် ရတော့မှာဆိုပြီး ပြောနေကြတယ်” ဟု
သူက ပြောသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ပြည်သူ့အကျိုးအတွက်ပူပေါင်းဆောင်ရွက်မည်ဆိုသော ထိုသတင်းမှာ မြန်မာပြည်သူလူထု တရပ်လုံးအတွက် ၀မ်းမြောက်ဖွယ်ကောင်းပြီး ထူးခြားလေးနက်သော သတင်းကြီး ဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ ဒေါ်လှလေးငယ်က ဆိုသည်။

“နောက်နေ့လည်း တအိမ်လုံး စောင့်ကြည့်တယ် ပြောရမှာပဲ။ အန်တီစုက မြန်မာအင်္ကျီ အ၀ါရောင်လေးနဲ့ ရှေ့ဆုံးတန်းမှာ အစိုးရ လူကြီးတွေနဲ့ အတူတူထိုင်ပြီး အစည်းအဝေးပွဲ တက်နေတာ တွေ့တော့ တအိမ်လုံးက လက်ခုပ်ဝိုင်းတီး လိုက်ကြတာ။
ကျမတို့ အဒေါ်ဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေ ကျကုန်ရောပဲ” ဟု သြဂုတ်လ ၂၀ ရက်နေ့က တွေ့ခဲ့ရသည့် သတင်းနှင့် ပတ်သက်၍ သူက ဆက်ပြောသည်။

ဒေါ်လှလေးငယ်တို့ မိသားစုသည် လက်ရှိ နိုင်ငံရေးအခြေအနေကို နားမလည်လှသော်လည်း ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ပါက ကောင်းလာမည်ဟု ယုံကြည်ထားကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍအား ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ခွင့်ပေးလိမ့်မည်ဟု ပါးစပ်သတင်းများ ကြားနေရကြောင်း ဒေါ်လှလေးငယ်က ဆိုသည်။

“ဟုတ်မဟုတ်တော့ မသိဘူးပေါ့။ ကျမတို့ မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍကို တာဝန်ယူချင်တယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်နေတာပဲ။ ကြားရတဲ့ သူတိုင်းက ၀မ်းသာလွန်းလို့ သာဓုတွေ ခေါ်နေကြတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မေလ ၂၅ ရက်နေ့တွင် ပထမအကြိမ် ရန်ကုန် စိမ်းလဲ့ကန်သာတွင် တွေ့ဆုံခဲ့ကြပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့က ၀န်ကြီး ဦးအောင်ကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့ရာ တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး၊ အများပြည်သူ
အကျိုးဖြစ်ထွန်းရေး စသည့် ကိစ္စရပ်တို့အား အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် စတင် ထွက်ရှိခဲ့သော ပဲခူးခရီးစဉ် အောင်မြင်ပြီးနောက် နိုင်ငံတော်သမ္မတက နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

သမ္မတ မိန့်ခွန်းထဲ၌ ပြည်ပရောက် နိုင်ငံသားများအား ကြိုဆိုသည့်သဘော ပြောခြင်း၊ နိုင်ငံခြား ၀င်ငွေအမျိုးအစား အားလုံး၏ အခွန်ပေးဆောင်မှုအား ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ၆ လ လျှော့ချပေးခြင်း၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း စသည်တို့ကို ဆောင်ရွက်နေသည့်အတွက် ကျေနပ်မိကြောင်း၊ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကိုပါ လွတ်လပ်ခွင့် ပေးမည်ဆိုပါက ပို၍ ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ရရှိနိုင်ကြောင်း စစ်မှုထမ်းဟောင်း ဦးလှဦးက ပြောသည်။

“ကျနော်တို့ ပြည်သူတွေအတွက်ကတော့ ဒါ သတင်းကောင်းပဲ။ မင်္ဂလာရှိသော သတင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြပြီ၊ ဆွေးနွေးကြပြီဆိုတော့ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း လှပတော့မယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
click

သတင်းအပြည့်အစုံဖတ်ရန်
 
/* EOT ----------------------------------------- */